အမေရိကန်က အစ္စရေးကို ဗုံးကြီးတွေ ရောင်းချဖို့ အရေးပေါ် အတည်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အစ္စရေးကို ဗုံးကြီးတွေ ရောင်းချဖို့ အရေးပေါ် အတည်ပြု


မတ် - ၇ ( စနေနေ့) 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကွန်ဂရက်လွှတ်တော်ရဲ့ ပြန်လည်သုံးသပ်မှုကို ရှောင်လွှဲကာ အစ္စရေးသို့ ပေါင် ၁,၀၀၀ အလေးချိန်ရှိသော ဗုံးများကို အရေးပေါ် ရောင်းချရန် အတည်ပြုခဲ့ပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၁၅၁.၈ သန်းတန်ဖိုးရှိ အဆိုပါ စာချုပ်တွင် အစ္စရေးက တောင်းဆိုထားတဲ့ BLU-110A/B ဗုံး ၁၂,၀၀၀ အကျုံးဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ 

အီရန်အပေါ် အမေရိကန်-အစ္စရေး လေကြောင်းစစ်ပွဲ ရှစ်ရက်မြောက်နေ့သို့ ဝင်ရောက်လာချိန်တွင် အဆိုပါ ကြေညာချက်သည် မဟာမိတ် နှစ်နိုင်ငံစလုံးက တိုက်ခိုက်မှု လှိုင်းလုံးသစ်များ ထွက်ပေါ်လာမယ့်ပုံ ပေါ်နေပါတယ်။ 

အဲ့ဒိကိစ္စက လက်နက် တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေအောက်တွင် လွှတ်တော်ရဲ့ သုံးသပ်ချက်ကို စွန့်လွှတ်ရလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ “ယခု အဆိုပြုရောင်းချမှုက အရှေ့အလယ်ပိုင်း နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော မဟာဗျူဟာမြောက် ဒေသတွင်း မိတ်ဖက်တစ်ဦးရဲ့ လုံခြုံရေးကို မြှင့်တင်ပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့  အမျိုးသားလုံခြုံရေးကို အထောက်အကူဖြစ်စေပါလိမ့်မယ်” လို့ ဆိုပါတယ်။  

“အဆိုပြုရောင်းချမှုသည် အစ္စရေး၏ လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများကို ကာကွယ်မှုပြုလုပ်ရန်အတွက် ဖြည့်ဆည်းဖို့ဖြစ်ပြီး ကာကွယ်ရေးကို အားကောင်းစေကာ ဒေသတွင်း ခြိမ်းခြောက်မှုများကို အဟန့်အတား ဖြစ်စေတယ်” လို့လည်း ဆိုပါတယ်။ 

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုတိုက်ဖို့အတွက် လပိုင်းလောက်ပဲလို့ ဆိုပေမဲ့ ကျွမ်းကျင်သူများက စစ်ပွဲက ကာလရှည်နိုင်တယ်ဆိုပြီး ခန့်မှန်းထားသလို စစ်ပွဲကို ဆက်ထိန်းထားရန် ခဲယမ်းများ လုံလုံလောက်လောက် ပိုင်ဆိုင်ခြင်း ရှိ၊ မရှိက အရေးကြီးပါတယ်။ အီရန်ကို “ခြွင်းချက်မရှိ လက်နက်ချ” ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုထားပေမဲ့ အီရန်ဘက်ကတော့ လက်မခံပါဘူး။ 

အမေရိကန် - အစ္စရေး ပူးပေါင်း တိုက်ခိုက်မှု ပထမလှိုင်းအတွင်း ဖျက်ဆီးခံခဲ့ရသော မင်နပ်ဘ်မြို့ရှိ မိန်းကလေး ကျောင်းက ကျောင်းသား ၁၆၈ ဦး အပါအဝင် အီရန်တွင် အရပ်သား ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 


REF: RT 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)