စစ်မှုမထမ်းမနေရ ဥပဒေကြမ်းကို ဂျာမန် ကျောင်းသားတွေ ဆန္ဒပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်မှုမထမ်းမနေရ ဥပဒေကြမ်းကို ဂျာမန် ကျောင်းသားတွေ ဆန္ဒပြ



မတ် - ၇ ( စနေနေ့) 

မသင်မနေရ စစ်မှုထမ်းခြင်းများကို ပြန်လည်အသက်ဝင်လာစေမယ့် မကြာသေးမီက အတည်ပြုပြဌာန်းခဲ့တဲ့ ဥပဒေကြမ်းအား ကန့်ကွက်ရန်အတွက် ထောင်နှင့်ချီတဲ့ အထက်တန်းကျောင်းသူ/ ကျောင်းသားများက ဘာလင်မြို့ရဲ့လမ်းများပေါ်သို့ ထွက်ခဲ့ကြပါတယ်။ 

စစ်မှုထမ်းခေတ်မီရေးဥပဒေသစ်အရ၊ အသက် ၁၈ နှစ်အရွယ် ဂျာမန်အမျိုးသားများအားလုံးသည် စစ်မှုထမ်းဖောင်ဖြည့်ပြီး ယခုနှစ်မှ စတင်ကာ ဆေးစစ်မှုခံယူပြီး စာရင်းသွင်းရမှာဖြစ်ပါတယ်။ စစ်တပ်က တပ်တွင်း ဖွဲ့စည်းပုံမပြည့်တော့ဘဲ အင်အားပြတ်လပ်မှုနှင့် ကြုံတွေ့ရပါက တပ်သားသစ်စုဆောင်းခြင်းများကို မဲနှိုက်၍ ခေါ်ယူနိုင်တယ်လို့  ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။ 

အဆိုပါဥပဒေမူကြမ်းကို ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပေမဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်စတိုရီယက်စ် အပါအဝင် အကြီးတန်းစစ်ဖက်အရာရှိများက ရုရှားရဲ့ခြိမ်းခြောက်မှုကို ကိုးကားပြီး ၎င်းကို ပြန်လည် အသက်သွင်းဖို့ မကြာသေးမီက အကြံပြုခဲ့ပါတယ်။  'မူကြမ်းအား ဆန့်ကျင်သည့် ကျောင်းသပိတ်' ကို ဘာလင်မြို့နှင့် အခြားဂျာမနီမြို့များတွင် ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်များအရ ဂျာမနီမြို့တော်တွင် ကျောင်းသား ၃၀၀၀ စုဝေးကြပြီး ပွဲစီစဉ်သူများက ဘာလင်တွင် ၁၀ဝ၀ဝ ခန့် ပါဝင်ခဲ့ကြောင်းနှင့် ဂျာမနီတစ်ဝှမ်းတွင် ၅၀၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။ 

ဆန္ဒပြသူများက ဘာလင်ရဲ့ အထင်ကရ ပေါ့စ်ဒမ်မာ ပလာဇာတွင် “သေခြင်းတရားမှာ သင်ရိုးညွှန်းတမ်းတွင်မရှိ”၊ “အဓိပတိ ဖရိုင်းဒရစ်မားဇ် ရဲ့ အရမ်းကောင်းတဲ့ ခေါင်းက သံမဏိဦးထုပ်အောက်တွင် အံမဝင်ပါ” လို့ ဆိုတဲ့ စာတမ်းများ ကိုင်ဆောင်ထားပါတယ်။ “ဘယ်တော့မှ၊ ဘယ်တော့မှ စစ်မှုမထမ်းတော့ဘူး” နဲ့  “ချမ်းသာချင်သော စစ်၊ လူငယ်သည် အနာဂတ်ကို လိုချင်တယ်” လို့ ဆန္ဒပြပွဲက ကြွေးကြော်သံများ ကိုလည်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဥပဒေသစ်သည် "စစ်မှုထမ်းခြင်းအတွက် ကြိုတင်ပြင်ဆင်သည့်အဆင့်" ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ "၎င်း၏သမိုင်းဝင်တာဝန်ဖြင့်၊ ဖက်ဒရယ်သမ္မတနိုင်ငံသည် လက်နက်တပ်ဆင်ခြင်း အတွက် မဟုတ်ဘဲ ငြိမ်းချမ်းသောဖြေရှင်းနည်းများနှင့် သံခင်းတမန်ခင်းအတွက် ထောက်ခံအားပေးသင့်တယ်" လို့ ၎င်းက စောဒကတက်ခဲ့ပါတယ်။


REF: RT

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)