မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်းစတင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်းစတင်


နေပြည်တော်၊ မတ် ၇

မဲခေါင် – လန်ချန်း သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် သံမှူးကြီး ဒေါက်တာ ကျန်းကျီဟုန်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်း သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှု အဆင့်အတန်း တစ်ပြေးညီဖြစ်စေရေးအတွက် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ပထမအဆင့်စီမံကိန်း၏ အောင်မြင်မှု အုတ်မြစ်များအပေါ် အခြေပြု လျက် ဆက်လက်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မည့် ဒုတိယအဆင့်စီမံကိန်းဖြစ်ပါကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု တည်တံ့ခိုင်မြဲရေး၊ ကျောင်းသားလူငယ်များ၏ ကမ္ဘာနှင့် ဒေသတွင်းစိန်ခေါ်မှုပြဿနာ များအား သိပ္ပံနည်းကျဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် အသုံးပြုနိုင်မည့် အသိပညာ ဖလှယ်ရေးယန္တရားများ တည်ထောင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ရာ စီမံကိန်းရလဒ်မှာ ဒေသတွင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များအတွက်ပါ အတုယူဖွယ်ရာ စံပြမော်ဒယ် တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။

ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာသံတမန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲအားကောင်းစေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက်ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

မွန်းလွဲပိုင်းဆွေးနွေးပွဲ၌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)