(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံး တို့မှ ကြီးမှူးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံး တို့မှ ကြီးမှူးကျင်းပ






ကွာလာလမ်ပူ၊ မတ် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်၊ ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့ရှိ JW Marriott ဟိုတယ်၌ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ရုံးတို့မှ ပူးတွဲကြီးမှူးကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဧည့်ခံပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီး နှင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) တို့မှ နှုတ်ခွန်းဆက် မိန့်ခွန်းများ ပြောကြားခဲ့သည်။ 

အခမ်းအနားသို့ အထူးဧည်သည့်တော်အဖြစ် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Dato’ Seri Haji Muhammad Huzaimi bin Sabri နှင့် ဇနီး တို့က တက်ရောက်ချီးမြှင့်ခဲ့ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ Undersecretary Ambassador John K. Samuel နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံ အခြေစိုက် အာဆီယံသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ မလေးရှားကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အငြိမ်းစားအရာရှိကြီး များ၊ ကွာလာလမ်ပူမြို့အခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် ဇနီးများ၊ မြန်မာအသိုက် အဝန်းမှ ဧည့်သည်တော်များအပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၅၀) ခန့် ပါဝင်တက်ရောက်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများပါဝင်သည့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနား မစတင်မီနှင့် ညစာသုံးဆောင်နေစဉ်အတွင်း  မြန်မာ့ခရီးသွားအလှအပ ဗွီဒီယိုမှတ်တမ်းများ၊ မြန်မာ့တပ်မတော်၏ မှတ်တမ်းဗီဒီယိုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကပဒေသာများနှင့် မြန်မာ့ရိုးရာ စောင်းပညာရှင်၏ သီဆိုတီးခတ်မှုများဖြင့် ဖျော်ဖြေခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)