မကွေး၊ မတ် ၂၈
၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို Magway Violint အဖွဲ့မှ “ရွှေမြန်မာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စီမံခန့်ခွဲရေးဆိုင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ပေးအပ်ကာ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ ကျန်းမာရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် Magway Violin အဖွဲ့မှ ဗိုလ်ရှုသဘင်တေးသီချင်း၊ နှလုံးသားကိုအလှဆင်ပါတေးသီချင်း၊ တပ်မတော်အင်းအားရှိမှ တိုင်းပြည်အင်းအားရှိမည် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် Magway Violin Group အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
မောင်ခိုင်မင်း
#MNP #News




No comments:
Post a Comment