အီရန်ရဲ့ဒုံး နဲ့ ဒရုန်းတွေကို ရာပေါင်းများစွာ ပစ်ချခဲ့ရတယ် လို့ UAE ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ရဲ့ဒုံး နဲ့ ဒရုန်းတွေကို ရာပေါင်းများစွာ ပစ်ချခဲ့ရတယ် လို့ UAE ဆို




မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ UAE ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များ အီရန် အကြီးစား တိုက်ခိုက်မှုများကို  ကြားဖြတ်ဟန့်တားခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ၁၈၆ လုံးအနက် ၁၇၂ လုံးနှင့် ဒရုန်း ၈၁၂ စင်းအနက် ၇၅၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

အခုတော့ UAE က အီရန်မြို့တော် တီဟီရန်က သံရုံးကို ပိတ်ကာ သံအဆက်အသွယ် ဖြတ်လိုက်ပါတယ်။ နောက်ပြီးတော့ ပြည်တွင်းက အီရန်သံတမန်များကိုလည်း မောင်းထုတ်လိုက်ခြင်းမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အရ မိမိကိုယ်ပိုင် ကာကွယ်ရေးအခွင့်အရေးဖြစ်တယ်လို့လည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ကုလသမဂ္ဂ တာဝန်ရှိသူများကတော့ အကျပ်အတည်းကို တိုးမြင့်လာစေရန်မလုပ်စေဘဲ တွေ့ဆုံဆွေးနွေးရေးသို့ ပြန်သွားရန် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖွင့်ထားရန်အတွက် တိုက်တွန်းခဲ့ပါတယ်။ 

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် UAE မှာ လူသုံးဦးသေဆုံးပြီး ၆၈ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ခံရမှု အများစုက ဒုံးတွေ၊ ဒရုန်းတွေ ရဲ့ တိုက်ရိုက်ထိမှန်ခြင်းမျိုးမဟုတ်ဘဲ အဲ့ဒိဒုံးတွေ၊ ဒရုန်းတွေကို  ကြားဖြတ်တိုက်ခိုက်ချိန်မှာ လွှင့်စင်လာတဲ့ အပျက်အစီးတွေ ထိခိုက်မှုကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 


REF: The Nation

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)