AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်း ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်း ထုတ်ပြန်



ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်မြို့တွင် ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် AYA Bank Tri Nations Cup 2026 (International Women’s Friendly Matches) ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမကစားသမား (၃၅) ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပဏာမလူစာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ထိပ်သီးကစားသမားများအပြင် ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် အဓိကကစားသမားများလည်း ပါဝင်လာခဲ့သည်။

မြန်မာအမျိုးသမီးအသင်းကို ယာယီနည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း က တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက်နည်းပြများအဖြစ် ဒေါ်သူဇာထွေး နှင့် ဂိုးနည်းပြ ဦးစိန်အေး တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။ 

အသင်းအား ဧပြီလ (၂၇) ရက်မှ စတင်ကာ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ပြည်ပကလပ်များတွင် ကစားနေသည့် ကစားသမားများသည် မေလအစောပိုင်းတွင် အသင်းနှင့် လာရောက်ပူးပေါင်းမည် ဖြစ်သည်။ 

ပြိုင်ပွဲ ပွဲစဉ်အားလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း ၌ ကျင်းပသွားမည်ဖြစ်ကာ ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube တို့မှလည်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာ၊ ထိုင်း နှင့် ဥဇဘတ်ကစ္စတန် အမျိုးသမီးလက်ရွေးစင် အသင်းများ ပါဝင်ကစားမည့် AYA Bank Tri Nations Cup 2026 (International Women’s Friendly Matches) ပြိုင်ပွဲ ရန်ကုန်မြို့တွင် ဇွန်လ ၁ ရက်နေ့ စတင်ကျင်းပမည်ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)