ဧပြီ - ၁၂ ( တနင်္ဂနွေနေ့)
ဘီဘီစီမှ အစီအစဉ် ထုတ်လုပ်သူဟောင်း ဒိုင်လန်ဒါဝီကို ကလေးညစ်ညမ်းပုံ ၆၀၀၀ ကျော်အား ဒေါင်းလုဒ်လုပ်ခဲ့တဲ့တွက် အပြစ်ရှိကြောင်း ယူကေဂျူရီလူကြီးများက တွေ့ရှိခဲ့ပါတယ်။
လေးရက်ကြာ ရုံးတင်စစ်ဆေးပြီးနောက် သောကြာနေ့တွင် ကာဒစ်ကရောင်းတရားရုံး၌ စီရင်ချက်ချခဲ့ပါတယ်။ ဒါဝီ သည် ၂၀၀၁ ခုနှစ်တွင်ဗြိတိသျှအများပြည်သူအသံလွှင့်ဌာနအတွက် စတင်လုပ်ကိုင်ခဲ့ပြီး မဖွယ်မရာပုံများပိုင်ဆိုင်ခြင်း နှင့် ညစ်ညမ်းသောရုပ်ပုံများပြုလုပ်ခြင်း တွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်။
ဒါဝီရဲ့နေအိမ်ကို ရဲအရာရှိများက ဝင်ရောက်စီးနင်းပြီး ကွန်ပျူတာများနှင့် သိုလှောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း Daily Express သတင်းဌာန က ဖော်ပြခဲ့ပါတယ်။
“၂၀၀၆ ဒီဇင်ဘာ ၃၁ ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်ကြား ၁၆ နှစ်တာကာလအတွင်း တရားခံသည် ကလေးညစ်ညမ်းရုပ်ပုံစာပေကို စက်လေးလုံးနဲ့ ဒေါင်းလုဒ်လုပ်နေခဲ့ပါတယ်”လို့ အစိုးရရှေ့နေ က တရားရုံးသို့ ပြောကြားခဲ့ပြီး အဲ့ဒိထဲက ရုပ်ပုံ ၁၉၂ ခုက အဆိုးရွားဆုံးအမျိုးအစား A အမျိုးအစားဖြစ်ကြောင်း တရားရုံးသို့ ပြောကြားခဲ့ပါတယ်။
BBC ထုတ်လုပ်သူဟောင်းကို မေလ ၁၄ ရက်နေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး ယခုအခါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအဖြစ် စာရင်းသွင်းမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနတွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အလုပ်အကိုင်နှင့် ထိန်းကျောင်းမှု တိုးလာနေတဲ့ မှတ်တမ်းတစ်ခုရှိပါတယ်။
ပြီးခဲ့သည့်လက BBC ရဲ့လစာအများဆုံး ရေဒီယိုတင်ဆက်သူတဦးဖြစ်သည့် စကော့မေးလ် ကို ယခင်က ဆယ်ကျော်သက်ကောင်လေးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနှင့်ပတ်သက်၍ ရဲများက အသစ်တဖန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment