ဧပြီ - ၁၂ ( တနင်္ဂနွေနေ့)
လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စပိန်က အစ္စရေးစစ်တပ်ကို ပြစ်တင်ရှုတ်ချပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးကို ထပ်ခါတလဲလဲ ဆန့်ကျင်မှုနှင့် စစ်တပ်ကို “အသရေဖျက်ခြင်း”လုပ်နေတာပဲလို့ စပိန်ကို ပြန်လည် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
သောကြာနေ့က ဗီဒီယိုမိန့်ခွန်းတွင် နေတန်ယာဟုက ဂါဇာအပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်သည့် ကာရက်ဂတ် ရှိ အမေရိကန်ကျောထောက်နောက်ခံပြု ညှိနှိုင်းရေးစင်တာမှ စပိန်ကို နှင်ထုတ်ရန် အမိန့်ပေးခဲ့ပြီး အစ္စရေးကို ဆန့်ကျင်မှုအတွက် ပြစ်ဒဏ်ပေးခြင်းဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်ုပ်တို့ကို တိုက်ခိုက်သူတွေကို ရင်ဆိုင်ပြီး အစ္စရေးဟာ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရား အရှိဆုံး စစ်တပ်ရဲ့ သူရဲကောင်းတွေဖြစ်တဲ့ IDF စစ်သားတွေကို စပိန်က အသရေဖျက်ခဲ့ပါတယ်။ စပိန်ဟာ အစ္စရေးကို ဆန့်ကျင်ဖို့ အကြိမ်ကြိမ် ရွေးချယ်ခဲ့ပါတယ်… သံတမန်ရေးအရ စစ်တိုက်နေတယ်။ အဲ့ဒါမျိုးကို ကျနော် ခွင့်မပြုနိုင်ပါဘူး”လို့ပြောသွားပါတယ်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆ်ချက်ဇ် အပါအဝင် စပိန်တာဝန်ရှိသူများက အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲကို အပြင်းအထန်ဝေဖန်သူများထဲတွင် ပါဝင်နေပြီး စစ်ရေးတိုးမြင့်လာပါက လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ ပြင်းထန်သော အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။ ပြီးခဲ့သောလတွင် စပိန်သည် စစ်ပွဲနှင့်ဆက်စပ်နေတဲ့ အမေရိကန်လေယာဉ်များကို ၎င်းရဲ့လေပိုင်နက်ကို ပိတ်ခဲ့ပြီး အစ္စရေးမှ သံအမတ်ကို အပြီးအပိုင်နှုတ်ထွက်ခဲ့ပြီး ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment