ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အချို့က ဒီခေတ်မှာ စက်မှုနိုင်ငံ ဘာလို့မသွားတာလဲလို့ ဝေဖန်ကြတာရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၅၀ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း၊ သစ်တောလုပ်ငန်းများမှာ အလုပ်လုပ်နေသူများ ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ပြီး ပညာရေးစစ်တမ်းအရ ကျေးလက်ဒေသနေသူများက အားနည်းတာရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဒါကြောင့် ကျေးလက်စီးပွားမြှင့်တင်ရေးကို မလွဲမသွေလုပ်ပေးရပါမယ်။ စက်မှုနိုင်ငံများပင်လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နိုင်ငံစီးပွား အထောက်အကူရအောင် အားပေးဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
(၁၀-၄-၂၀၂၆ ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်း မှ ကောက်နှုတ်ဖော်ပြသည်။)
#MNP #News

No comments:
Post a Comment