နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် Mr. Kitti Settha Pandita Cham Prasidh၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ယခင် ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး Mr. Alounkeo Kittikhoun နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Nguyen Tat Thanh တို့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ညပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်စေရေးနှင့် နှစ်နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)