တောင်ငူ၊ ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးသို့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၈ ရက် ည ၇ နာရီတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး သံတောင်ကြီးမြို့မှ လိပ်သိုမြို့လျှပ်စစ် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် 33 KV ဓာတ်အားလိုင်းတိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါလျှပ်စစ်ဓာတ်အားလိုင်း၏ ကွန်ကရစ်ဓာတ်တိုင် လေးတိုင် လဲကျပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လိပ်သိုမြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အနေဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်း ကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်း၊ လျှပ်စစ်မီး ပြတ်တောက်စေရန် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
#MNP #News

No comments:
Post a Comment