အီရန် - အမေရိကန် ဆွေးနွေးပွဲတွေ နဲ့ နောက်ဆုံးရ သတင်းများ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန် - အမေရိကန် ဆွေးနွေးပွဲတွေ နဲ့ နောက်ဆုံးရ သတင်းများ


ဧပြီ - ၁၂ ( တနင်္ဂနွေ ) 

ပါကစ္စတန် မြို့တော် အစ္စလာမာဘတ်တွင် အီရန်၊ အမေရိကန်နှင့် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်သော အဆင့်မြင့် ဆွေးနွေးပွဲများသည် စနေနေ့ညတွင် ဆက်လက်ကျင်းပနေကြောင်း အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက သတင်းထောက်များအား အတည်ပြု ပြောကြားခဲ့ပါတယ်။ 

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘက်ဖ် က အီရန်ဘက်မှ ဦးဆောင်ပြီး အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် က အမေရိကန် အဖွဲ့ကို ဦးဆောင်ပါတယ်။ 

အီရန်နိုင်ငံက အမေရိကန်ကိုလုံးဝ မယုံကြည်ကြောင်း နဲ့ အရင်ကလည်း စေ့စပ်ညှိနှိုင်းမှု လုပ်နေချိန်မှာ အမေရိကန်က အီရန်ကို တစ်နှစ်ထဲမှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ အီရန်ကညှိနှိုင်းမှုတွေ လုပ်ဖို့လက်မလျော့ခဲ့ဘူး လို့ ဂါလီဘက်ဖ် ပြောသွားပါတယ်။  

ဗန့်စ်ကလည်း အီရန်အနေနဲ့ အမေရိကန်ကို “မကစား”ဖို့ နဲ့  အကျိုးဖြစ်ထွန်းသော ဆွေးနွေးပွဲများကို မျှော်လင့်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဆွေးနွေးပွဲများ ပြိုပျက်သွားပါက စစ်ရေးဆိုင်ရာ ရွေးချယ်မှုများကို ပြင်ဆင်ထားပြီး  ဟော်မုဇ်ရေလက်ကြားအား အီရန်ပါပါ မပါပါ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ငါတို့အရန်အစီအစဉ်ကိုမလိုအပ်ပါဘူး ... ငါတို့က သူတို့ကိုအတင်းအကျပ်တိုက်ခဲ့တယ်၊ ငါတို့စစ်တပ်ကအံ့သြစရာပဲ" ညှိနှိုင်းရေး သွားလုပ်နေတဲ့ ဗန့်စ်ကို  ကံကောင်းပါစေကြောင်းဆန္ဒပြုပြီးနောက် ထရမ့် က သတင်းထောက်များအား ပြောကြားခဲ့သည်။

အီရန်က ဟော်မုဇ်ရေလက်ကြားအား ထိန်းချုပ်မည့် အခွင့်အာဏာနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲများက “ရှေ့မတိုးနောက်မဆုတ်သာ” ဖြစ်ခဲ့သည်။

ထရမ့် က အီရန်မှာ “နျူကလီးယားလက်နက် မရှိပါဘူး။ အဲဒါ ၉၉% ပါပဲ” ဟု ဟော်မုဇ်ရေလက်ကြားက “အလိုအလျောက် ပွင့်သွားမှာ”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ခိုင်မာသော အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေမဲ့  ဗုဒ္ဓဟူးနေ့က အစ္စရေးက လက်ဘနွန်ကို  ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူ ၃၀၀ ကျော်  သေဆုံးခဲ့ရပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်အပေါ် စစ်ပွဲမပြီးကြောင်း “အီရန်က ဂါဇာမှာ ဟားမတ်စ်၊ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာ၊ ဆီးရီးယားမှာ အာဆတ်အစိုးရ၊ အီရတ်က ပြည်သူ့စစ်တွေ၊ ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေနဲ့ အီရန်ကိုယ်တိုင်က ဝိုင်းရံဖို့ ကြိုးစားခဲ့တယ်” လို့  ၎င်းက ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ကျနော်တို့က သူတို့ကို လုပ်ကြံပြီး လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်၊ မကြာခင် အသေးစိတ် ပြောပြမယ်”လို့ ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)