အက်ပ်စတိန်းဖိုင် အရှုပ်တော်ပုံကို ဖုံးကွယ်ဖို့ကြိုးစားခဲ့တဲ့ ရှေ့နေချုပ်ကို ထရမ့် က အလုပ်ထုတ်ပစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အက်ပ်စတိန်းဖိုင် အရှုပ်တော်ပုံကို ဖုံးကွယ်ဖို့ကြိုးစားခဲ့တဲ့ ရှေ့နေချုပ်ကို ထရမ့် က အလုပ်ထုတ်ပစ်


ဧပြီ -၃ ( သောကြာနေ့ ) 

နာမည်ကြီးသူ တွေနဲ့ ဩဇာအာဏာကြီးသူတွေရဲ့ တရားရေးဆိုင်ရာ အရှုတ်တော်ပုံတွေကို မှတ်တမ်းပြုထားတဲ့ အက်ပ်စတိန်းဖိုင်နဲ့ ပတ်သက်ပြီး တရားရေးဆိုင်ရာလမ်းကြောင်းတွေကို သည်းအသန်လိုက်ကာကွယ်နေတဲ့ ရှေ့နေချုပ် ပမ်ဘွန်ဒီကို အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂုဏ်သိက္ခာမဲ့တဲ့ ငွေကြေးရှာဖွေသူများနဲ့ လိင်ကိစ္စ ကျူးလွန်သူများကို မှတ်တမ်းပြုထားတဲ့ ဂျက်ဖရီအက်ပ်စတိန်း ရဲ့ မှတ်တမ်းတွေကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပမ်းဘွန်ဒီကို အလုပ်ထုတ်ပစ်လိုက်တာပါ။ 

ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်ပါတီ နှစ်ခုစလုံးရဲ့ အာဏာပိုင်တွေက လူပုဂ္ဂိုလ်တို့ရဲ့ အတွင်းရေး အီးမေးလ်များနဲ့ ဓာတ်ပုံအချို့ကို ဖုံးကွယ်ရန် ကြိုးပမ်းနေတယ်လို့ ထရမ့်ရဲ့သစ္စာခံ ဘွန်ဒီကို စွပ်စွဲထားပါတယ်။ 

ဘွန်ဒီရဲ့ တရားရေးဌာနသည် ၂၀၁၉တုန်းက ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ဆုံးဖြတ်ထားတဲ့ မန်ဟတ်တန် အကျဉ်းထောင်အတွင်း အက်ပ်စတိန်းရဲ့ သေဆုံးမှုအခြေအနေများကိုလည်း ဖုံးကွယ်ထားကြောင်း စွပ်စွဲခံထားရပါတယ်။ 

မနေ့က ထရုသ်ဆိုရှယ်က ပို့စ်တစ်ခုမှာ ထရမ့်က အကြမ်းဖက်ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် “ကြီးမားသောအလုပ်” ကိုလုပ်ဆောင်ခြင်းအတွက် ပမ်ကို ကျေးဇူးတင်ကြောင်း နဲ့ "ကျနော်တို့က ပမ် ကို ချစ်ပါတယ်။ သူမက ပုဂ္ဂလိကကဏ္ဍတွင် အလွန်လိုအပ်ပြီး အရေးကြီးသော အလုပ်သစ်တစ်ခုသို့ ကူးပြောင်းလိမ့်မယ်"လို့ ရေးတင်ခဲ့ပါတယ်။  ထရမ့်ရဲ့ ရှေ့နေဟောင်းနှင့် ဘွန်ဒီပမ် ရဲ့ လက်ထောက် အား ယာယီရှေ့နေချုပ်အဖြစ် ဆက်ခံစေပါတယ်။ 

“အမေရိကန်ကို  ပိုလုံခြုံအောင်လုပ်ဖို့ သမ္မတ ထရမ့် ရဲ့ သမိုင်းဝင် အောင်မြင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ဝင်ရောက်ပါဝင် ဦးဆောင်ခွင့်ရခဲ့တာက တစ်သက်တာ ဂုဏ်ယူစရာပါပဲ” လို့ ပမ် က သူမရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)