ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေဘုရားဖူးရောက်ရှိခဲ့ပါက ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရားတည်ဆောက်ပုံနှင့် ရှေးဟောင်းနံရံပန်းချီများကို လေ့လာနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေဘုရားဖူးရောက်ရှိခဲ့ပါက ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရားတည်ဆောက်ပုံနှင့် ရှေးဟောင်းနံရံပန်းချီများကို လေ့လာနိုင်

ညောင်ဦး ၊ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရားတည် ဆောက်ပုံ၊ ဘုရားလိုဏ်အတွင်း နံရံပန်းချီများနှင့်ထိုင်တော်မူဆင်းတုတော်တို့အား ဖူးမြော်လေ့လာနိုင် ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။

ဂူပြောက်ကြီးဘုရားကို အေဒီ ၁၃ ရာစုအစောပိုင်းတွင်တည်ထားခဲ့သည်ဟုခန့်မှန်းရပြီး မဟာဗောဓိပုံစံ ကွမ်းတောင်ပေါက်ဘုရားဖြစ်ကာ အာရုံခံအရှေ့ဘက်မုခ်လှည့် လိုဏ်ဘုရားတစ်ဆူဖြစ်သည်။ အပေါ်ဆင့်လိုဏ်နှင့်ကြောင်လိမ်လှေကားပါရှိပြီး အင်္ဂတေပန်းလက် ရာများ အသင့်အတင့်ကျန်ရှိနေသေးသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံရံဆေးရေးပန်းချီ လက်ရာအနေဖြင့် အာရုံခံမျက်နှာကျက်ရှိ ခြေတော်ရာပုံ၊မင်စာနှင့်တကွ နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားတို့၏ ဗျာဒိပ်ခံဟန် အခန်းများ၊ ငါးရာငါးဆယ်ဇာတ်ကွက်များ၊ ဗုဒ္ဓဝင် ရှစ်ခန်းနှင့် သတ္တဌာနခန်းများ၊အောင်မြင်ခန်းများစသည့် သရုပ်ဖော်ပုံများကို မင်စာနှင့်တကွရေးထိုးထားသည်ကို လေ့လာနိုင်သည်။ ၁၈၉၉ ခုနှစ် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တစ်ဦးဖြစ်သည့် ဂျာမန်လူမျိုး မစ္စတာထော်မန်းက နံရံပန်းချီများကို လွှဖြင့် လှီးဖြတ် ခိုးယူသွား ရာ အချို့သာကျန်ရှိတော့သည်ကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံ ၃၈၃၇ ဆူကျန်ရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်တွင် ဝက်ကြီးဂူပြောက်ကြီး၊ ဂူပြောက်လေး၊ ပုဂံမြို့သစ်၊ မြင်းကပါဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရားတို့သည် နံရံဆေးရေးပန်းချီလက် ရာကောင်းမွန်ကြကြောင်း၊ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရား အနောက်ဘက်တွင် ရှင်ဘို့ မယ်အုတ်ကျောင်း၊ ဝက်ကြီးအင်းဂူပြောက်လေးဘုရား၊ အနောက်တောင်ဘက်တွင် ဆူးလေကုန်းဘုရားစု၊ အလိုတော်ပြည့်ဘုရားတို့ကိုလည်း တဆက်တစပ်တည်းဖူးမြော်လေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)