အစ္စရေးကို အီရန်က ဒုံးတွေနဲ့ တိုက်ခိုက် (အီရန် - အမေရိကန်စစ်ပွဲ နောက်ဆုံးရသတင်းများ) - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးကို အီရန်က ဒုံးတွေနဲ့ တိုက်ခိုက် (အီရန် - အမေရိကန်စစ်ပွဲ နောက်ဆုံးရသတင်းများ)


 

အစ္စရေးကို အီရန်က ဒုံးတွေနဲ့ တိုက်ခိုက် 

(အီရန် - အမေရိကန်စစ်ပွဲ နောက်ဆုံးရသတင်းများ)


ဧပြီ - ၆ ( တနင်္လာနေ့ ) 

အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ အီရန်ဒုံးကျည်ဖြင့် ဖျက်ဆီးခံရတဲ့ တိုက်ခန်းအပျက်အစီးများအောက်တွင် ပိတ်မိနေတဲ့ အစ္စရေးလေးဦးကို ရှာဖွေရေး ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒုံးကျည်များအား ကြားဖြတ်ဟန့်တားရန် ပျက်ကွက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ 

ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းမပြုပါက အီရန်၏ ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ဗုံးကြဲမယ်လို့ အမေရိကန်သမ္မတ Donald Trump က ခြိမ်းခြောက်ခဲ့ပါတယ်။ “ ငါတို့အမသားတွေ  ရေလက်ကြားကို ဖွင့်ပါ၊ မင်းတို့က လူယုတ်မာတွေ၊ မင်းတို့ကို ငရဲပို့ပစ်မယ်။ စောင့်ကြည့်နေလိုက်။ မင်းတို့ကို နောက်ဆုံးရက်ကို အင်္ဂါနေ့ ည ၈ နာရီအထိ သက်တမ်းတိုးပေးလိုက်မယ်” လို့ ထရမ့်က ထရုသ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

ထရန့်ရဲ့ မှတ်ချက်စကားတွေက “စစ်ရာဇ၀တ်မှု” ကျူးလွန်ရန် အဆင်သင့်ဖြစ်နေကြောင်း အချက်ပြခြင်း ဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က တုံ့ပြန်ခဲ့ပါတယ်။ 

အီရန်က ဟောမုဇ်ရေလက်ကြားကို အမေရိကန်နှင့် အစ္စရေးတို့အတွက် “ရေရှည်တွင် ဆက်လက်ပိတ်ထားမယ်”လို့ပြောခဲ့ပြီး အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်ဖာဂဟာနီ က အီရန်အနောက်တောင်ပိုင်းတွင် သောကြာနေ့က ပစ်ချခံရသော F-15E ရဲ့ပျောက်ဆုံးနေတဲ့ လေယာဉ်အမှုထမ်းတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တဲ့ မစ်ရှင်ကို စကားနာထိုးခဲ့ပါတယ်။ သူက အီရန်တပ်ဖွဲ့များသည် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်း နဲ့  Black Hawk ရဟတ်ယာဉ်နှစ်စင်းတို့ကို ပစ်ချခဲ့နိုင်ခဲ့ကြောင်း ပြောလိုက်ပါတယ်။ အမေရိကန်ဘက်ကတော့ ယာယီအရေးပေါ်ဆင်းသက်မှု မလုပ်နိုင်လို့ လေယာဉ်တွေကို ဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။ 

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာ စစ်သွေးကြွများအပေါ် မြေပြင်ထိုးစစ်နှင့် ကြီးမားသော လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေတဲ့ လက်ဘနွန်မြေပေါ်တွင် “အလွန်သွေးစွန်းသော အီစတာတနင်္ဂနွေနေ့ဖြစ်တယ်လို့ RT ဒေသခံ သတင်းထောက်က ပြောပါတယ်။  ဘေရွတ်မြို့ရှိ လူနေထူထပ်သော လူနေရပ်ကွက်တစ်ခုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

အီရန်က ဘူရှီဟာရာနျူ့ဓာတ်အားပေးစက်ရုံ မှာ အလုပ်လုပ်နေတဲ့ ရုရှားသားဝန်ထမ်း ၁၉၈ ဦးစလုံး ကို ဘေးကင်းလုံခြုံအောင် ကယ်ထုတ်နိုင်ပေးခဲ့ပြီး အာမေးနီးယားသို့ ညတွင်းချင်း ဖြတ်သွားဖွယ်ရှိကြောင်း ရိုဆာတွမ် ကုမ္မဏီက ပြောပါတယ်။ 

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အသက် လေးနှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ပြီး မတ်လအစောပိုင်းကတည်းက သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၄၂၂ ဦးအထိ ရှိခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက  ခရစ်ယာန်များအား “မင်္ဂလာရှိပြီး ရွှင်လန်းသောအီစတာနေ့” ၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး  အစ္စရေးရဲ့ “မယိမ်းယိုင်သော” ကတိကဝတ်ကို ဂုဏ်ပြုလိုက်ပါတယ်။ အစ္စရေးမှာ ခရစ်ယာန်တွေကို နိမ်ချဆက်ဆံမှု ပြုတာတွေ မရှိဘူးဆိုတဲ့ သဘောမျိုးနဲ့ အခုလိုပဲ နှုတ်ခွန်းဆက်သလိုက်တာပါ။ 

ကူဝိတ်ရှိ စွမ်းအင်ဆိုင်ရာ နေရာအများအပြားကို အီရန်က တိုက်ခိုက်ခဲ့ပြီး ကူဝိတ်ရေနံကော်ပိုရေးရှင်းက “သိသာထင်ရှားသော ပစ္စည်းများ ဆုံးရှုံးမှု”ရှိနေပါတယ်လို့ သတင်းပေးပို့ပါတယ်။ 

အစ္စရေး၊ UAE နှင့် ဘာရိန်းရှိ ရေနံဓာတုနှင့် စက်မှုဇုန်များကို ထိမှန်ခဲ့ကြောင်း အီရန်ကလည်း ပြောကြားခဲ့ပြီး ပစ်မှတ်များသည် အမေရိကန်၏ စီးပွားရေး အကျိုးစီးပွားများနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)