ဧပြီ - ၆ ( တနင်္လာနေ့ )
အကျပ်အတည်းရဲ့ ဗဟိုချက်မှာ ဟော်မုဇ်ရေလက်ကြား ဖြစ်နေပါတယ်။ စစ်ဆေးရေးဂိတ်မှာဖြစ်နေတဲ့ အရာအပေါ်များစွာ မူတည်နေပါတယ်။ အနံ ကီလိုမီတာ ၄၀ အောက်သာရှိပြီး အကျဉ်းဆုံးနေရာကနေ ကမ္ဘာ့ရေကြောင်းကနေ တင်ပို့တဲ့ ရေနံသုံးပုံတစ်ပုံလောက်က ရေလက်ကြားကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းကနေ ထုတ်လုပ်သူများမှ ကမ္ဘာ့ဈေးကွက်များသို့ ပို့ဆောင်နေတာပါ။
နိုင်ငံတကာ ရေလမ်းကို လွတ်လွတ်လပ်လပ် ဖြတ်သန်းပြီးလိုက်တာနဲ့ အဆိုပါ ရေလက်ကြားက အီရန်စစ်တပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှု မရှိတဲ့ အခကြေးငွေကောက်ခံတဲ့ လမ်းအဖြစ် ပြောင်းလဲသွားပါတယ်။ အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်အာဖရိကသင်္ဘောများကို အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုထားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒိရေလက်ကြားကို စစ်မဖြစ်ခင်က တစ်ရက်ကို ရေနံတင်သင်္ဘော ၁၃၀ ဝန်းကျင်လောက် ဖြတ်နေတာပါ။ အခုတော့ တစ်ဒါဇင်လောက်ပဲ ဖြတ်ခွင့်ရပါတော့တယ်။
လက်ရှိအထိက ဟောမုဇ် ရေလက်ကြားမှာ ပုံမှန်အသွားအလာ ပြန်လည်စတင်မည့် အရိပ်အယောင်မရှိပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လမ်းကြောင်းဖွင့်ကြောင်း ကြေညာကာ သင်္ဘောကုမ္ပဏီများအား “သတ္တိရှိပါ” နှင့် သင်္ဘောတွေကို အစောင့်လိုက်ပေးမယ်လို့ ပြောနေသလို အစောင့်လိုက်ဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ တုန့်ပြန်မှုက သူထင်သလိုမဖြစ်လာခဲ့ပါဘူး။ အဲ့ဒါကြောင့် ထရမ့်က အီရန်ကို အပြတ်တိုက်မယ်ဆိုတဲ့ စကားက နေ့ရွှေ့ ညရွှေ့ ဖြစ်နေရတာပါ။
အခြားသော စံနှုန်းများနဲ့ ကြည့်ရင် ပိုမိုနက်ရှိုင်းသော အကျပ်အတည်း လက္ခဏာများ ရှိနေပါတယ်။ ဒူဘိုင်းနှင့် အိုမန် ရေနံသည် ယခုအခါ ဒေါ်လာ ၁၅၀ အထက်ဖြင့် ရောင်းချနေပြီး ယင်းပင်လယ်ကွေ့နိုင်ငံများရဲ့ ထုတ်ကုန်တင်ပို့မှုက အခက်အခဲဖြစ်နေပါတယ်။ အဲ့ဒါက အမေရိကန်ရေနံစိမ်းကို နိုင်ငံတကာက ဝယ်ဖို့အတွက် အချက်ပြသလိုဖြစ်နေပါတယ်။ အဲ့ဒိမှာ အမေရိကန်ရေနံကလည်း အနည်းဆုံး တစ်စည်ကို ၁၆ ဒေါ်လာအထက် တက်လိုက်တော့ လက်လီဝယ်လိုတဲ့ သူတွေအတွက် ပြန်ပြီးတော့ ကျပ်တည်းသွားပါတယ်။ ရေတိုဝယ်ရောင်းတွေ က စစ်ပွဲရဲ့ မရေရာမှုကြောင့် သူတို့ချုပ်ရမယ့် စာချုပ်တွေအတွက် အခက်အခဲကြုံရပြန်တာကြောင့် ရှေ့လ ရေနံဈေးက အတက်ပဲ ရှိတော့တာပါ။
လေ့လာသုံးသပ်နေသူတွေကတော့ လက်ရှိဖြစ်နေတဲ့ တစ်စည် ၁၅၀ ဒေါ်လာ က ပဋိပက္ခသည် ဇွန်လအထိ ဆက်သွားပါက မသေချာပေမဲ့ တစ်စည် ၂၀၀ ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ရေနံဈေးမြင့်သွားတာ က လောင်စာဆီ၊ အစားအစာ နဲ့ အခြေခံလိုအပ်ချက်များ ပိုမိုဈေးကြီးပြီး အသက်ရှင်သန်မှုကို ပိုမိုခက်ခဲစေမှာပါ။
“ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ ဒီနှစ်မှာ မလွဲမသွေဖြစ်နေပါပြီ၊ စွမ်းအင်တင်သွင်းတဲ့နိုင်ငံတွေက အပြင်းထန်ဆုံးထိခိုက်နေပါတယ်”လို့ ရုရှားသမ္မတရုံးမှ ကိုယ်စားလှယ် ကီးရေ ဒီမီထရစ်ဗ် က ကြာသပတေးနေ့တွင် သတိပေးခဲ့ပါတယ်။ “ဇွန်လမှာ တော်တော်များများ သိလာလိမ့်မယ်”လို့ ပြောပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment