တာချီလိတ် ၊ဧပြီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်မှူးနှင့် ရပ်ကျေးအဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝိန်းကျောက် ရပ်ကွက်ရုံးဝန်းအတွင်း ပြုလုပ်သည်။
ထိုသို့ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းရာတွင် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်မှူး ဦးအေးမောင်နှင့်အဖွဲ့ဝင် မိသားစုများက ရပ်ကွက်နေ ဒေသခံပြည်သူများအား စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အိမ်ထောင်စု တစ်စုလျှင် ဆန် ၂၀ ကီလိုတစ်အိတ်၊ ဆီ တစ်ကီလို တစ်ဘူး၊ ကြက်ဥ (၁၀) လုံးနှုန်းဖြင့် ရပ်ကွက်နေပြည်သူ အိမ်ထောင်စု (၄၀၀) တို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment