ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် အသင်း/အဖွဲ့များနှင့် ကော်မတီတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် အသင်း/အဖွဲ့များနှင့် ကော်မတီတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်





နေပြည်တော်၊ ဧပြီ ၈

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် သာကေတမြို့နယ် ဇိနမာန်အောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ရေးနှင့် ဘက်စုံတည်ဆောက်ရေးအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်း(နေပြည်တော်)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ် ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ တို့က အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးလှိုက်လဲစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်၏ အကျိုး၊ အမျိုးဘာသာ သာသနာအကျိုးတို့ကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါ စေကြောင်း၊ သမ္မကြီး ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများ၊ အထူး သဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍသည် ပိုမိုတိုးတက် ဖွံ့ဖြိုးလာမည်ဟုမျှော်လင့်ပါကြောင်း၊ကျန်းမာခြင်းသုခနှင့်ပြည့်စုံပါစေ၊ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ၊ ကပ်ကြီးသုံးပါးမှ ကင်းဝေးပါစေကြောင်းစသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)