
သရက် ၊ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများကို အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေး ယနေ့နံနက် ၁၀ နာရီက သရက်မြို့၊ သာသနာ့ဗိမာန်တော်အတွင်း အပူရှောင်စခန်းဖွင့် လှစ်ထားရှိခဲ့သည်။
အပူရှောင်စခန်းကို ရုံးရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ခရိုင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ထာရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ အပူဒဏ် ခံနိုင်ရေးအတွက် မီးသတ်ကားဖြင့် ရေများ ဖျန်းပေးခြင်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူအသီးသီးက ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားပေးခဲ့သည်။ အပူဒဏ်အန္တရာယ်ကို နားခိုနိုင်ရန်အတွက် လူဦးရေ ၈၀ ဦးခန့် လက်ခံဆောင်ရွက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment