
လွိုင်ကော် ၊ ဧပြီ ၅
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ဩဝါဒခံယူခဲ့သည်။
ထို့နောက် ကျောင်းဝင်းအတွင်းရှိ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ဆောက်လုပ် လှူဒါန်းထားရှိသည့် သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ဈေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်သို့ရောက်ရှိကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇိနောဘာသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအဝင်မုခ်ဦး ပြုပြင်တည်ဆောက်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တွင် ထမနဲသင်္ကြန်ကျင်းပမည့် မြန်မာ့စီးပွားရေးဘဏ်ရှေ့မြေနေရာနှင့် သနပ်ခါးသင်္ကြန်ကျင်းပမည့် မြို့နာမ်စေတီတော်ရှေ့ မြေနေရာများကို ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းလျှောက်သင်္ကြန်မုခ်ဦး ဆောက်လုပ်နေမှုများ၊ လမ်းလျှောက်သင်္ကြန်တွင် ရေပန်းများစနစ်တကျတပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်၊ သင်္ကြန်ရေလုံလောက်စွာရရှိရန်နှင့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ခန်းမအတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကိုယ်စားပြု သီရိမေယိမ်းအဖွဲ့၏ အကလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment