ဧပြီ - ၂၈ ( အင်္ဂါနေ့ )
နယူးဒေလီအစိုးရက အီရန်ရဲ့ အဓိကဆိပ်ကမ်းတစ်ခုကို အသုံးပြုနိုင်ဖို့အတွက် ဝါရှင်တန် အစိုးရနဲ့ရော တီဟီရန်အစိုးရတိုနဲ့ပါ ဆွေးနွေးနေကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရှိ ချာဘာဟာဆိပ်ကမ်းကို ယခင်ကတည်းက အိန္ဒိယက အသုံးပြုပြီး ကုန်တင်ကုန်ချလုပ်နေရာ အမေရိကန်ဘက်က ဧပြီ ၂၆ ရက်မှာ ယာယီပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးမှုကိုပေးခဲ့လို့ အခုလိုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
"ကျနော်တို ချာဘာဟာဆိပ်ကမ်း ကို သုံးဖိုအတွက် အီရန်နဲ့ရော အမေရိကန်နဲ့ပါ ဆွေးနွေးနေပါတယ်။ အဆင့်တစ်ခုကိုတော့ရောက်နေပါပြီ” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျေးစ်ဝယ်လ် က တနင်္လာနေ့တွင် အရှေ့အလယ်ပိုင်းရှိ အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တုံပြန်ပြောဆိုခဲ့ပါတယ်။ “လက်ရှိ ပဋိပက္ခဟာ ရှုပ်ထွေးနေတုန်းပါပဲ” လို့လည်း ပြောသွားပါတယ်။
အိန္ဒိယက ချာဘာဟာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ထားပြီးသားဖြစ်လို့ အီရန်ထိပ်တန်းသံတမန်တစ်ဦးက “ရှိပြီးသားသဘောတူညီချက်များနှင့်အညီ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်” လို့ ပြောသွားပါတယ်။
၂၀၁၆ ခုနှစ် မေလကတည်းက အိန္ဒိယနှင့် အီရန်တို့က ချာဘာဟာဆိပ်ကမ်း တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါစီမံကိန်းသည် ရုရှား၊ ဗဟိုအာရှနှင့် အာဖဂန်နစ္စတန်တိုနှင့် ကုန်သွယ်မှုချဲ့ထွင်ရန်အတွက် အရေးကြီးတယ်လို့ ယူဆထားပေမဲ့ ၂၀၁၈ မှာ အိန္ဒိယဘက်က နောက်နည်းနည်းဆုတ်နေတာရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်က အဲ့ဒိဆိပ်ကမ်းစီမံကိန်းနဲ့ ပက်သက်ပြီး ကန့်သတ်ပိတ်ဆို့မှုတွေ ရှိခဲ့လို့ပဲဖြစ်ပါတယ်။
မနှစ်ကတော့ အဲ့ဒိစီမံကိန်းအပေါ် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုကို ခြွင်းချက်အချို့ထားပြီး ရုပ်သိမ်းခဲ့ပေမဲ့ နောက်ပိုင်းတွင် အခြေအနေအရ လျှော့ပေါ့မှုကို သက်တမ်းတိုးခဲ့ပြီး တနင်္ဂနွေနေ့မှာ ရပ်လိုက်တာပါတယ်။ ထရမ့်က အီရန်နဲ့ စီးပွားရေးလုပ်တဲ့ နိုင်ငံမှန်သမျှ အမေရိကန်ကိုသွင်းတဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၅% တိုးကောက်မယ်လို့ ထုတ်ပြန်လိုက်တဲ့ အတွက် ဆိပ်ကမ်းစီမံကိန်းက ရှေ့ဆက်တိုးမရဘဲ ရပ်သွားရပြန်ပါတယ်။
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း အိုမန်ပင်လယ်ကွေ့တွင် တည်ရှိသော Chabahar သည် မဟာဗျူဟာအရ တည်ရှိပြီး စူးအက်တူးမြောင်းကို အစားထိုးအဖြစ် အိန္ဒိယ၊ အီရန်နှင့် ရုရှားတို့က တီထွင်ထားသည့် နိုင်ငံတကာ မြောက်-တောင် သယ်ယူပိုဆောင်ရေးစင်္ကြံ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ အထူးသဖြင့် ပါကစ္စတန်ရဲ့ ဂျီဝါဒါ ဆိပ်ကမ်း ဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် ဒေသတွင်းရှိ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အိန္ဒိယ၏ မဟာဗျူဟာအရ အချက်အချာကျသော ဆိပ်ကမ်းလည်းဖြစ်ပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment