ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်


နေပြည်တော်၊ ဧပြီ ၂၆       

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ “နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ”ကို ၂၄-၄-၂၀၂၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို ဘေးကင်းလုံခြုံပြီး တရားဝင်သော လုပ်သားများ ရွှေ့ပြောင်းသွားလာမှုကို တိုးချဲ့ရန်၊ ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းတစ်လျှောက် အန္တရာယ်များကို လျှော့ချရန်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးအမြတ်များကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာဆီယံအလုပ်သမားဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက လုပ်သားများရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများနှင့် မိတ်ဖက်ဆောင်ရွက်မှုများ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးနေမှုများ၊ လုပ်သားများပြန်လည်ရောက်ရှိခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမှုများ၊ လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှု၊ အကျပ်အတည်းအတွက် အသင့်ပြင်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ နေရပ်စွန့်ခွာမှုနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုစသည်တို့အပေါ် ယင်းတို့၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်းသော နမူနာများနှင့် သင်ခန်းစာများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။        


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)