ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစာရင်း ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစာရင်း ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု


နေပြည်တော်၊ ဧပြီ ၉

နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံရသူက တင်ပြထားတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ အပါအဝင် အဖွဲ့ဝင်(၉)ဦးပါ အမည်စာရင်းကို ဧပြီလ ၉ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် အတည်ပြုလိုက်သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲဝင်တွေစာရင်းကို ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုနိုင်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နဲ့ ဒေါက်တာစန္ဒာဦးတို့ကို တာဝန်ပေးအပ်လိုက်တာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်လိုက် တာကတော့ ဒေါ်ရီရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့်၊ ဒေါက်တာဇော်ဦး၊ ဒေါက်တာဖြူဖြူအိတို့ ပါဝင်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသူ ဒေါက်တာခင်နိုင်ဦးဟာ လက်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)