တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသား (၅၇) ဦးအား ထပ်မံဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသား (၅၇) ဦးအား ထပ်မံဖမ်းဆီးရမိ



နေပြည်တော်၊ ဧပြီ ၈

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ် အတွင်း၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တာချီလိတ်မြို့နယ် ၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပ နိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။ 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါ ပန်ကူ ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၂၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည် လောင်း ကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦးနှင့် လာအိုနိုင်ငံသူ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို လည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၂၇၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့ သည့် တရုတ်နိုင်ငံသား အမျိုးသား ၇ ဦးအား လည်းကောင်း၊ ပန်ကူကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁၅၀၀ ခန့်ကွာသို့အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦးအား လည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၄၅၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့ သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးအား လည်းကောင်း၊ ပန်ကူကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၃၈၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦးအား လည်းကောင်း၊ စုစုပေါင်းတရားမဝင် ပြည်ပနိုင်ငံသား အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကု အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို လည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက် ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)