ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာရှိ ပြည်သူများအား‌သောက်သုံး‌ရေများလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာရှိ ပြည်သူများအား‌သောက်သုံး‌ရေများလှူဒါန်း

 


ကော့မှူး  ၊ ဧပြီ ၄

နွေရာသီကာလ အပူချိန်မြင့်မားလာသည့်အတွက် ရပ်ကွက်/ကျေးရွာနေပြည်သူများ၏ သောက်သုံးရေအခက်အခဲကို ကူညီဆောင်ရွက်ပေးသည့်အနေဖြင့် သောက်သုံး‌ရေများလှူဒါန်းပေးခြင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ပူး‌ပေါင်း၍ လက်ခိုက်ကျေးရွာ၌ ရေဂါလံ (၆၄၀၀) လှူဒါန်းပေးနေကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဦးပြည့်ဖြိုးအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်တို့ ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်ငါးဦးနှင့် မြို့နယ်စည်ပင်သာယာ‌ ရေးအဖွဲ့မှ ဝန်ထမ်းများက မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်ရေသယ်ယာဉ်တစ်စီး စုစုပေါင်းနှစ်စီးဖြင့် ရေဂါလံ (၆၄၀၀) ကို လက်ခိုက်ကျေးရွာအတွင်း သောက်သုံးရေဖူလုံသွားစေရန် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြု လုပ်ငန်းအနေဖြင့် နွေရာသီ ကာလ၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများအား သောက်သုံးရေများ လှူဒါန်းပေးခြင်းဖြစ်ပြီး သောက်သုံးရေအခက်အခဲဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနဖုန်း ၀၁၈၂၆၄၀၄၉ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။

ကျော်သူရ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)