မိုင်းခတ် ၊ ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်းလျှောက်သင်္ကြန်ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည် ကြည့်ရှုခဲ့ကြသည်။
မိုင်းခတ်မြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့်အဖွဲ့သည် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ ရေကစားမဏ္ဍပ်နှင့် စတုဒီတာကျွေးမွေးဧည့်ခံမည့်နေရာများကိုကြည့်ရှုပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားနာခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ပွဲကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment