ပခုက္ကူ၊ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ရက်မှ ဇွန်လ ၇ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ရပ်နီးရပ်ဝေးမှဈေးသည်များ၊ဒေသခံဈေးသည်များစုပေါင်း၍ ဈေးဆိုင်ခန်း ပေါင်းမြောက်များစွာဖြင့် ခေတ်ပေါ်အဝတ်အထည်ဒီဇိုင်းအရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အညာ ဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံးပစ္စည်းအရောင်းဆိုင်များ၊ ကလေး ကစားစရာပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများအပြင် မိဘပြည်သူများစိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစား စရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများစီစဉ်ထည့်သွင်းသွားမည်ဖြစ်ပြီး သီဟိုဠ်ရှင်ကဇာတ်ရုံတွင် မေလ ၂၈ရက်မှ၃၁ရက်နေ့အထိ စမ်းရေမိုးဇာတ်အဖွဲ့နှင့် ဇွန်လ၃ရက်မှ၇ရက်နေ့အထိ ကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့၏ ဇာတ်အလှသ ဘင်ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်အတွက် ယခင်ဆိုင် ခန်းရှင်များအား မေလ ၁ရက်နေ့မှ ၈ရက်နေ့အထိနှင့် ဆိုင်ခန်းရှင်အသစ်များအား မေလ၉ရက်မှ ၂၂ရက်နေ့အထိ လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
အလောင်းစည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့သော ပခုက္ကူမြို့၊သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News





No comments:
Post a Comment