မိတ္ထီလာမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်



မိတ္ထီလာ၊ ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အ-ထ-က(၁)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ မိတ္ထီလာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ အိမ်ထောင်စုဝင်များထံသို့ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်မြင့်ဦး၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ရဲခိုင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက ပေးအပ်သည်။ အဆိုပါ အခမ်းအနားတွင် ဧပြီလ ၇ ရက်နေ့က မိုးသက်လေ ပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသည့် အိမ်ထောင်စု နှစ်စု၊ အမိုးလန်ပျက်စီးသည့် အိမ်ထောင်စု ၁၉၈ စု၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အတွက် ဆန်ဖိုးရိက္ခာ၊အိမ်ဆောက်ပစ္စည်းဖိုး၊ ဒဏ်ရာရထောက်ပံ့ငွေ များအတွက် စုစုပေါင်းငွေကျပ် ၁ဝ၁၄၇၃ဝဝ သိန်းကို ပေးအပ်ခဲ့ကြောင်းသိရသည်။


ချမ်းသာ

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)