တာမွေ ၊ ဧပြီ ၅
၂၀၂၆-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ အနောက်မြင်ပြိုင်ကွင်းလမ်း၌ ခရိုင်အဆင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သင်္ဃန်းကျွန်းခရိုင်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့်အဖွဲ့ဝင်များ၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့်အဖွဲ့ဝင်များသည် ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရိုင်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေမည့် ယိမ်းအကအဖွဲ့များ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန် စီစဉ်ဆောင်ရွက်မည့်နေရာများနှင့် ဖျော်ဖြေရေးအစီအစဉ် ကျင်းပမည့်နေရာများ၊ စတုဒိသာကျွေးမွေးမည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သင်္ဃန်းကျွန်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများအပြင် အများပြည်သူများ စိတ်အပန်းပြေစေရန် DJ တေးဂီတများဖြင့် သင်္ကြန်ကာလတစ်လျှောက်လုံး ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်၌ လမ်းလျှောက်သင်္ကြန်နှင့် နေ့အလိုက် စတုဒိသာကျွေးမွေးခြင်းများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ပြည်သူများ အရွယ်သုံးပါးမရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆိုလာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment