အလုံမြို့နယ်၌ စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် ဆီဆိုင်များတွင် ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အလုံမြို့နယ်၌ စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် ဆီဆိုင်များတွင် ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

 



အလုံ   ၊ ဧပြီ ၅

အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ star high ဆီဆိုင်တွင် ယနေ့မွန်းလွဲပိုင်းက စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် ဆီဆိုင်များတွင် ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်း‌ဆင်းစစ်ဆေးမှုအား အလုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ထွန်းနှင့် ဝာာဝန်ရှိဌာနဆိုင်များနှင့် ပူးပေါင်း၍ star high ဆီဆိုင် မန်နေဂျာ ဦးမင်းမင်းနှင့် တွေ့ဆုံ၍ ဆီဆိုင်တွင် စုံ/မ အလိုက် ဆီဖြည့်ပေးမှု ရှိ/မရှိ၊ ဆီမှောင်ခိုရောင်းချနေမှု ရှိ/မရှိ၊ QR စနစ်ဖြင့် ရောင်းချနေမှု အခြေအနေအား သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးထင်ဝင်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးဇော်ဦးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အလုံ)မှ ရဲအုပ် ဇော်လင်းထက်နှင့် အဖွဲ့ဝင်များ ပါ၀င်သောအဖွဲ့ဖြင့် စိစစ်ခဲ့ကြောင်း သိရသည်။


ရွှေလုံသား 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)