နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၅)ကြိမ်မြောက် အာဆီယံ-ဗြိတိန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၅)ကြိမ်မြောက် အာဆီယံ-ဗြိတိန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်



West Sussex မြို့၊ ဧပြီ ၁

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဗြိတိန်နိုင်ငံ၊ West Sussex မြို့၌ ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံ-ဗြိတိန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ-ဗြိတိန် ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူး တာဝန်ယူသည့် ဗီယက်နမ်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီး Mr. Dang Hoang Giang နှင့် အာဆီယံဆိုင်ရာ ဗြိတိန်အဆင့်မြင့်အရာရှိကြီး Ms. Christina Scott တို့က ပူးတွဲ သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီး များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အဆင့်မြင်အရာရှိကြီးများက အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံ-ဗြိတိန်ဆွေးနွေးဖက်ဆက်ဆံရေး အနာဂါတ် ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံ-ဗြိတိန် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှု အခြေအနေများ၊ လုပ်ငန်းစီမံချက်အသစ် ဆက်လက်ရေးဆွဲမည့်အစီအစဉ်များ၊ အာဆီယံ-ဗြိတိန် ဆက်ဆံရေး (၅)နှစ်ပြည့်အထိမ်းအမှတ် ကျင်းပရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)