ဂျကာတာမြို့၊ ဧပြီ ၁
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ၁၁-၃-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေး၊ ၃၀-၃-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် ၃၁-၃-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် အာဆီယံ-ချီလီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။
(၁၃) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် အာဆီယံအသိုက်အဝန်းအတွေးအမြင် ၂၀၄၅ ကို အထောက်အကူပြုနိုင်ရန်နှင့် အာဆီယံ-ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် အာဆီယံ-ကိုရီယား လုပ်ငန်းအစီအစဉ်အသစ် (၂၀၂၆-၂၀၃၀) အား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ကိုရီးယားအကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အလားတူ (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မတီအစည်းအဝေးတွင် အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အောင်မြင်စွာ အကောင်အထည်ဖော်ပြီးစီးခဲ့မှု၊ အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော်နေမှုနှင့် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး၏ (၅) နှစ်ပြည့် အထိမ်းအမှတ်နှစ်အနေဖြင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် (၇) ကြိမ်မြောက် အာဆီယံ-ချီလီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် အာဆီယံ-ချီလီ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များ အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ခဲ့ကြပြီး ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး စသည့် နှစ်ဖက်အကျိုးဖြစ်ထွန်း စေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
#MNP #News




No comments:
Post a Comment