စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ က ၂ဝ၂၅ ခုနှစ်၊ မေ လ (၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော (၇၄) ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၁၃၉၁၂၁)ဆု ခွဲဝေ ချီးမြှင့်ခဲ့ရာ ဆုမဲ (၁၇၈၄၉) ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း၊ လာရောက်တင်ပြခြင်းမရှိသေးသည့် ဆုမဲများအား (၂၉-၄-၂ဝ၂၆)ရက်နေ့ထိ လာရောက်တင်ပြခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။
လာရောက်တင်ပြတောင်ခံခြင်းမရှိသေးသည့် ကျပ်သိန်း (၂ဝဝ) (၁) ဆု၊ ကျပ်သိန်း (၁ဝဝ) (၁) ဆု၊ ကျပ်သိန်း (၅ဝ) (၁) ဆု၊ ကျပ်သိန်း(၂ဝ) (၆)ဆု၊ ကျပ် (၁ဝ) သိန်း(၆) ဆု၊ကျပ် ၃ သိန်း (၁၁)ဆု ၊ ကျပ် ၂ သိန်း (၂၂ဝ)ဆု၊ ကျပ် ၁ သိန်း (၁၁ဝ၃) ဆု ၊ ကျပ် ၅ သောင်း ဆု (၂၇ဝဝ) ဆု၊ ကျပ် ၁ သောင်း ဆု (၁၃၈ဝဝ) ဆု ၊ဆုရ လက်မှတ်များကို၂ဝ၂၆ ခုနှစ်၊ ဧပြီ လ (၂၉) ရက်နေ့အထိ ရန်ကုန်မြို့ နှင့်မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့တင်ပြ၍ ဆုငွေများကိုတောင်းခံနိုင်ရန်ကြေညာထားခြင်း ဖြစ်သည်။
#MNP #News

No comments:
Post a Comment