အီရန်စစ်ပွဲက ၂ ပတ် ၊ ၃ ပတ် အတွင်းမှာ ပြီးသွားမှာပါ
(ဧပြီလ ၁ ရက်နေ့ အမေရိကန် - အီရန် စစ်ပွဲ နောက်ဆုံးရသတင်းများ)
ဧပြီ - ၁ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်-အမေရိကန် စစ်ပွဲက နှစ်ပတ်မှ သုံးပတ်အတွင်း ပြီးဆုံးသွားဖို့ မျှော်လင့်ကြောင်း မနေ့က ပြောသွားပါတယ်။ ပို့ဆောင်မှု ပြတ်တောက်ခြင်းကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်ဓာတ်ငွေ့ရည်စျေးနှုန်းက ပျမ်းမျှတစ်ဂါလံကို ၄ ဒေါ်လာကျော်သွားပါပြီ။
ဟော်မုဇ်ရေလက်ကြားမှာ လုံခြုံရေးလုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်သဘောကို မလိုက်တဲ့အတွက် ထရမ့်က အီရန်စစ်ပွဲကို အမြန်လက်စသက်ဖို့အတွက် အထက်ပါမှတ်ချက်ကို ပေးခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူအေအီးနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်နာဟရန် နဲ့ တယ်လီဖုန်းဆက်ခဲ့ပြီး ဒေသတွင်း ဆိုးရွားလာနေသည့် အခြေအနေအပေါ် “အလေးအနက် စိုးရိမ်မှု” ရှိကြောင်း ဖော်ပြကြကာ ရန်လိုမှုများကို အမြန်အဆုံးသတ်ရန် လိုအပ်ကြောင်းနှင့် “ဒေသတွင်းနိုင်ငံအားလုံးရဲ့ တရားဝင် အကျိုးစီးပွားများကို လေးစားတဲ့ နိုင်ငံရေးသံတမန်ရေးရာ ကြိုးပမ်းမှုများ” ကို အသစ်တဖန် ပြန်လည်ပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း အီရန်နှင့် အစ္စရေးတို့က အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လုပ်နေကြတုန်းပါပဲ။ နှစ်ဖက်စလုံးက အရပ်သားများရဲ့ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့ အပြန်အလှန် စွပ်စွဲထားကြပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရော ကတ်ဇ် က "လက်ဘနွန်နယ်စပ်အနီးရှိ ရွာများမှ အိမ်တွေအားလုံးကို ဖျက်ဆီးပစ်မယ်"လို့ ပြောလာပါတယ်။ သူက ဂါဇာက ရာဖာ နဲ့ ဘစ်နောင်မြို့တွေကို လုပ်သလိုမျိုး အစ္စရေးမြောက်ပိုင်း မှာလုံခြုံရေး အာမခံချက်မရမချင်း ဒေသခံတွေကို နေရပ်ပြန်ခွင့်မပြုဘဲ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့တွေကို တစ်နေရာတည်းမှာ စုထားပြီး ထိန်းချုပ်ထားပြီး လက်နက်ကိုင်တွေကို ခြိမ်းခြောက်မှုဆက်လုပ်သွားဖို့ ရှိပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် က “အီရန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာနေပြီ” လို့ သတင်းထောက်များအား ပြောကြားပြီး “ယခု အစိုးရသစ်သည် ယခင်ခေတ်ကထက် ပိုမို လိမ္မာသင့်တယ်”နဲ့ “အီရန် မလိုက်နာဘူးဆိုရင် အမေရိကန်ဘက်က တိုက်ခိုက်မှု ပိုမိုပြင်းထန်လာမယ်” လို့ သတိပေးလိုက်ပါတယ်။
လက်ဘနွန်ကို အစ္စရေးက တိုက်ခိုက်မှုများပြုလုပ်လို့ တစ်လမပြည့်မီအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် ဆီးရီးယားသို့ ထွက်ပြေးခဲ့ရကြောင်း ကုသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ UNHCR က ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မရှင် အကြီးအကဲ အီဘရာဟင် အာဇီဇီ က ဟော်မုဇ်ရေလက်ကြားကို အမေရိကန်အတွက် ပြန်ဖွင့်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ "နောက်ဆုံးတော့ ထရမ့်က 'အစိုးရအပြောင်းအလဲ' ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ဒါပေမယ့် ဒေသတွင်း ရေပိုင်နက်အုပ်ချုပ်မှုမှာတော့ ဟော်မုဇ်ရေလက်ကြားကို သေချာပေါက်ပြန်ဖွင့်တော့မှာဖြစ်ပေမယ့် အမေရိကန် အတွက်မဟုတ်ပါဘူး၊ အီရန်ကထုတ်ပြန်တဲ့ ဥပဒေအသစ်ကို လိုက်နာသူတွေအတွက် ဖွင့်ပေးသွားမှာပါ။ ဧည့်ဝတ်ကျေပွန်မှုဟာ ၄၇ နှစ်ကြာသွားပါပြီ။ အဲ့ဒါတွေက အခုတော့ ထာဝရကုန်ဆုံးသွားပါပြီ" လို့ အာဇီဇီ က သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
စစ်ပွဲအတွင်း အမေရိကန် စစ်ဘက်ဝန်ထမ်း စုစုပေါင်း ၃၄၈ ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက မနေ့က ပြောပါတယ်။ တပ်ဖွဲ့ဝင် ၃၁၅ ဦးသည် တာဝန်ပြန်လည် ထမ်းဆောင်ခဲ့ပြီး ခြောက်ဦး ဒဏ်ရာအပြင်းအထန် ကျန်ရှိနေသေးကြောင်း ဆိုပါတယ်။ အမေရိကန်သည် ဝန်ဆောင်မှုအဖွဲ့ဝင် ၁၃ ဦး ဆုံးရှုံးခဲ့ရပါတယ်။ ကူဝိတ်နိုင်ငံ ရူအီဘာ ဆိပ်ကမ်းကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မတ် ၁ ရက်က ၁၀၃ ကွပ်ကဲမှုအဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယားရှိ စူလတန်မင်းသား လေတပ်အခြေစိုက်စခန်း ကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အာကာသတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ KC-135 ဆီဖြည့်လေယာဉ်တစ်စင်း မတ် ၁၂ ရက်က အီရတ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခြောက်ဦးစလုံး သေဆုံးခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment