မိုင်းခတ် ၊ ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မိုင်းခတ်မြို့လယ်ပန်းခြံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေကစားမဏ္ဍပ်၊ မြန်မာ့ရိုးရာအစားအစာမုန့်လုံးရေပေါ်၊ သာကူကြို၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးနှင့် ရှမ်းရိုးရာအစားအစာ မုန့်ဖက်ထုပ်စတုဒိသာ ကျွေးမွေးခြင်းများဖြင့် သင်္ကြန်အကြိုနေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ၊ ပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment