လယ်ဝေး ၊ ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များအား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဏ္ဍပ်များ တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများတပ်ဆင်ခြင်း၊ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ခြင်း၊ စတုဒီသာမဏ္ဍပ်၊ သနပ်ခါးမဏ္ဍပ်များပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အကြိုနေ့မှစတင်၍ အတက်နေ့အထိ ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment