
ဒဂုံမြောက် ၊ ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒီသာအလှူများ၊ ယိမ်းအဖွဲ့များ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၏ ဗဟိုရေကစားမဏ္ဍပ်ကို အမှတ် (၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်ရေကန်ပန်းခြံအနီး၌ တည်ဆောက်ထားရှိပြီး နေ့စဉ်အဖွဲ့အစည်းများ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များမှ မိမိတို့ရပ်ကွက်များအလိုက် သတ်မှတ်နေရာများတွင် ကြိုတင်လေ့ကျင့်လျက်ရှိသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ သင်္ကြန်ယိမ်းအဖွဲ့များ၊ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ လမ်းလျှောက်သင်္ကြန်၊ ဇီဝိတုဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည်တို့ဖြင့် ဧပြီ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ
https://t.me/MyanmarNationalPost
No comments:
Post a Comment