ပခုက္ကူမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ







ပခုက္ကူ၊ ဧပြီ ၃၀

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ယနေ့နံနက်၇နာရီခွဲအချိန်က ပခုက္ကူမြို့၊ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ပရဝုဏ် အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပပြုလုပ်သည်။

အဆိုပါညောင်ရေသွန်းလောင်းပူဇော်ပွဲကို ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်မွန်မွန်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိသားစု စည်းရုံးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများတက်ရောက်ကြပြီး ပခုက္ကူမြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်လှည့်ပတ်ပူဇော်၍ ညောင်ရေ သွန်းလောင်းကြသည်။

ထို့အပြင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး စသည့်ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌  ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူ ခြင်း၊ ဘုရားဝန်းအတွင်းရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်အနားယူအပန်းဖြေခြင်း၊ စာသင်တိုက်များနှင့်ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုခြင်း၊ ဥပုသ်သီလခံယူစောင့်တည်ခြင်းတို့ဖြင့် ကုသိုလ်ယူကြသည်ကို တွေ့ရ သည်။

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)