နမ့်လတ်ချောင်းတလျှောက် ချောင်းဆယ်ယူရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် မြေပြင်ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်လတ်ချောင်းတလျှောက် ချောင်းဆယ်ယူရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် မြေပြင်ကွင်းဆင်းကြည့်ရှု



နမ့်စန်(တ) ၊ ဧပြီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့အလယ်မှ ဖြတ်သန်းစီးဆင်းနေသော‌ နမ့်လတ်ချောင်းဆယ်ယူရေးနှင့် ရေ‌စီးဝ‌‌င်သည့် ရေငုပ်ဂူများအတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က နမ့်စန်မြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားတတ်သည့် နမ့်လတ်ချောင်းတလျှောက် ချောင်းဆယ်ယူရေးလုပ်ငန်းများ၊ ရေငုပ်ဂူသန့်ရှင်းရေးလုပ်ငန်းများကို အဖွဲ့ပေါင်းစုံဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေကြီးရေလျှံမှုများထပ်မံ မဖြစ်ပွားစေရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့နေပြည်သူလူထုများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ကဏ္ဍအလိုက်ကူညီဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် ကုန်ကျစရိတ်များနှင့် စက်သုံးဆီများကို မြို့မိမြို့ဖအလှူရှင်များနှင့် စက်သုံးဆီအရောင်းဆိုင်များမှ ဝိုင်းဝန်းလှူဒါန်းသွားမည်ဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ ချောင်းရိုးတလျှောက် သဲနှုန်းများဖယ်ရှားခြင်း၊ ရေချောင်းအတွင်းနှင့် ဂူပေါက်များအတွင်း ပိတ်ဆို့လျက်ရှိသည့် အမှိုက်ပေါင်းစုံကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့စုံနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဧပြီလ(၂၅)ရက်စနေနေ့ နံနက်ပိုင်းမှစတင်၍ စက်အား၊ လူအားများဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစည်းအဝေးအပြီးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်တာဝန်ရှိသူများက အဆိုပါချောင်းနေရာများတလျှောက်နှင့် သန့်ရှင်းရေးဆောင်ရွက်မည့် ရေငုပ်ဂူနေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)