ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနား တက်ရောက်


တောင်ကြီး  ၊ ဧပြီ ၂၄

ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် ကျင်းပဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတဝှမ်းတွင် စက်သုံးဆီအခက်အခဲကြုံတွေ့နေရသည့်အတွက် နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် နွေစပါးလျာထားဧကပြည့်မီစေရေးလိုအပ်လျက်ရှိသည့် စက်သုံးဆီအား(၁)ဧကလျှင် (၁)ဂါလန် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် မြို့နယ်/ကျေးရွာများရှိ တောင်သူများလက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ ရိတ်သိမ်းခြင်း၊ သီးနှံသယ်ယူခြင်းလုပ်ငန်းများ၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီထည့်သွင်း အသုံးပြုနိုင်ရန်နှင့် သီးနှံစိုက်ပျိုးသည့်စွမ်းအားတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများ ရောင်းချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ရှမ်းပြည်နယ်ရဲ့ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးသာမက ကျေးလက်လူမှုဘဝမြှင့်တင်ရေး၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ ကျေးရွာများတွင်သောက်သုံးရေလုံလောက်စွာရရှိစေရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားသည်။ ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုမင်းမှ နမ့်တဘက်ချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေနှင့် ဆည်ရေသောက်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်ကြရန်ရှင်းလင်းတင်ပြပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးမှ ဒေါ်သက်သက်အေးမှ နွေစပါးပန်တိုင်းအထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တောင်သူ ဦးစိုင်းစံထူးမှ ဒေသခံတောင်သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နောင်မွန်ကျေးရွာအုပ်စု၊ ပုံးအင်းကျေးရွာအုပ်စုနှင့် ဘန်းယဉ်ကျေးရွာအုပ်စုတို့ရှိ နွေစပါး (၁၈၅၂)ဧကအတွက် စက်သုံးဆီ(၁)ဂါလံလျှင် (၁၀၀၀၀/-)ကျပ်နှုန်းဖြင့် (၁၈၅၂)ဂါလံကို စိုက်ပျိုး တောင်သူ (၇၀၆)ဦးတို့အား တောင်သူများလက်ဝယ်အရောက် ရောင်းချပေးမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ထက်ဝေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)