တပ်ကုန်း ၊ ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ဘူတာကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ပြီးဖွင့်လှစ်သင်ကြားသည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ရွှေမြို့(၁၆)ခုတင်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းဝဏ္ဏကျော်က မိခင်နှင့်ကလေးကျန်းမာရေးဆောင်ရွက်မှုများ၊ ဝမ်းပျက်ဝမ်းလျောကာကွယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးရီထွေးက သင်တန်းသား၊သင်တန်းသူများ သင်တန်းမပျက်မကွက်တက်ရောက်ရေး၊ သင်တန်းချိန်အတွင်းစိတ်ပါဝင်စားစွာ သင်ကြားမှတ်သားရေး၊ သင်တန်းမှူး ဦးကျော်ကျော်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခဲ့သည်။
ထို့သင်တန်းတွင် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ သင်တန်းသား၊သင်တန်းသူ ၆၀ ဦး တက်ရောက်၍ သင်တန်းကာလမှာ ၂၃.၄.၂၀၂၆ ရက်နေ့မှ ၅.၅.၂၀၂၆ ရက်ထိ လူထုကျန်းမာရေးလုပ်သားဆိုင်ရာ ဘာသာရပ်များကို ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး-၃ ဦးကျော်ကျော်အောင် နှင့် ကျန်းမာရေးဆရာ၊ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment