မိုင်းပျဉ်း ၊ ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းဆွေက ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါနန်းမြအေးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်အကြောင်းနှင့် စိတ်ကျန်းမာရေးအကြောင်း ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဆွေးနွေးရာ၊ ကျေးရွာပြည်သူတစ်ဦးဖြစ်သော နန်းခမ်းလူက ရှမ်းဘာသာဖြင့် ပြန်လည်ဆွေးနွေးပြောကြားပေးသည်။ ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းနန္ဒက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment