မိုင်းပန်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပန်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုဆောင်ရွက်

Uploading: 2404050 of 2404050 bytes uploaded.


မိုင်းပန်  ၊ ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်နှင့်  မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းတို့က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင်  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲခဲ့ကြပြီး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မီးငြှိမ်းသတ်ရေးကို သူနာပြုဆရာမများအား လက်တွေ့ဆောင်ရွက်စေခဲ့ပြီး ပြည်သူ့ဆေးရုံတွင် ထားရှိသော မီးချိတ်မီးကပ်များ၊ မီးသတ်ဆေးဘူးများကို မီးသတ်ဦးစီးမှူးမှ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)