ဧပြီ - ၂၈ ( အင်္ဂါနေ့ )
အမေရိကန်တွေက အီရန်ကို နှိမ်ပြီဆက်ဆံတဲ့ အပြင် ညှိနှိုင်းဆွေးနွေးရေး မဟာဗျူကလည်း တိတိကျကျ မရှိတဲ့အတွက်ကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေက ရှေ့တိုးလို့မရတာလို့ ဂျာမန်အဓိပတိ ဖရိုင်ဒရစ်မားဇ် က မနေ့က ပြောကြားလိုက်ပါတယ်။ ဟောမုဇ် ရေလက်ကြားရဲ့ အရေးပါတဲ့ ရေကြောင်းပိုဆောင်ရေးအများစုက ဒီနေ့အထိ ပိတ်ထားဆဲဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများကို မြင့်တက်နေတာနဲ့ ပတ်သက်ပြီး သူက အခုလိုမျိုး မှတ်ချက်ကို ပေးလိုက်တာ ဖြစ်ပါတယ်။
"အီရန်လူမျိုးတွေက မျှော်လင့်ထားတာထက် သိသိသာသာကို အားကောင်းနေပါတယ်။ တစ်ဖက်မှာကလည်း အမေရိကန်တွေက စေ့စပ်ညှိနှိုင်းမှုလုပ်တယ်ဆိုပေမဲ့ အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ မဟာဗျူဟာတွေ မရှိတာက ထင်ရှားနေပါတယ်"လို့ ရိုင်းဒေသမြောက်ဘက်က မားစ်ဘာဂ့်မြို့ရှိ ကျောင်းတစ်ကျောင်းသို့ လာရောက်လည်ပတ်စဉ် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီလို ပဋိပက္ခတွေနဲ့ ပြဿနာတွေက အမြဲတမ်း ပြီးသွားတယ်ဆိုတာမရှိဘူး။ အသစ်တွေပဲ ထပ်ဖြစ်နေမှာပါ။ အာဖဂန်နစ္စတန်မှာ အနှစ် ၂၀ လောက် ကြာသွားတာကိုကြည့်ပြီး သိနိုင်ပါတယ်။ နောက်ပြီး အီရတ်မှာလည်းပဲ အဲ့လိုဖြစ်တာကို ကျနော်မြင်နေခဲ့ရပါတယ်” လို့ ဆိုပါတယ်။
“လောလောဆယ်အနေအထားကိုကြည့်ရတာက အီရန်ကို ချဉ်းကပ်တဲ့နေရာမှာ အမေရိကန်ဘက်က အရမ်းကို ကျွမ်းကျင်ဖို့လိုပါတယ်။ အမေရိကန်တွေက မဟာဗျူဟာနဲ့ ပတ်သက်ပြီး ဘယ်လိုထွက်ပေါက်တွေကို ရွေးမလဲဆိုတာကိုတော့ ကျနော် မတွေးနိုင်သေးပါဘူး။ အထူသဖြင့် အီရန်ကို ဦးဆောင်နေတဲ့ တော်လှန်ရေးအစောင့်တပ်တွေကြောင့် အမေရိကန် အရှက်ကွဲနေရပါတယ်။ အထူးသဖြင့် အီရန်က အရမ်းကျွမ်းကျင်စွာ စေ့စပ်ညှိနှိုင်းနေတာ ဒါမှမဟုတ် သိပ်ကျွမ်းကျင်စွာ မညှိနှိုင်းတဲ့အတွက် အမေရိကန်တွေ ဘယ်လို မဟာဗျူဟာ ထွက်ပေါက်ကို ရွေးမလဲဆိုတာ ကျွန်တော် မတွေ့မိပါဘူး။ အထူးသဖြင့် တော်လှန်ရေးအစောင့်တွေလို့ ခေါ်တဲ့ အဖွဲ့တွေရဲ့ ခေါင်းဆောင်မှုကြောင့် အီရန်တနိုင်ငံလုံး အနှိမ်ခံနေရတာက တော့အမှန်ပါပဲ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ စစ်ပွဲကို အဆုံးသတ်ရန် အီရန်ရဲ့ လတ်တလော အဆိုပြုချက်ကို မကျေနပ်ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့ကတော့ သမ္မတက အီရန် နဲ့ ဆွေးနွေးရန်အတွက် ပါကစ္စတန်သို့ အမေရိကန်ရဲ့ သံတမန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းတွင် လုပ်ပိုင်ခွင့် အားလုံး ရှိတယ်ဆိုပြီး ပြောလိုက်ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment