အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဝန်ထမ်းများတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဝန်ထမ်းများတွေ့ဆုံ





နေပြည်တော်၊ ဧပြီ ၂၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် အဓိကအဟန့်အတားဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း၌လည်း အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်း ပျက်စီးစေတာဖြစ်သည့်အတွက် အကျင့်ပျက်ခြစားမှုတွေ များလာတာမျိုး မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း အလေးအနက်ထား တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်တကွ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးချင်းက မိတ်ဆက်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)