ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဧပြီ ၂၆
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ လောင်းလုံလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အမှတ်(၂၅)ရပ်ကွက်လုံးဆိုင်ရာ "တတိယအကြိမ်မြောက် မြန်မာနှစ်သစ်ဦးဓမ္မပူဇာ အထူးတရားပွဲ" ကျင်းပခဲ့ရာ မင်းကွန်းတိပိဋကနိကာယ်ကျောင်းတိုက် စီမံအုပ်ချုပ်မှု မဟာနာယကအဖွဲ့ဝင်ဆရာတော် စိန်ရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဘဒ္ဒန္တပညာသီရိလင်္ကာရ(မြင်းမူ)ဆရာတော် မှ "ဓမ္မစကြာတရားရဲ့ နိဒါန်း" တရားတော်ကို ချီးမြှင့်ဟောကြားတော်မူခဲ့သည်။
တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ မတည်အလှူငွေ၊ တစ်ဦးချင်းအလှူငွေများနှင့် ကြွရောက်လာကြသော တရားနာပရိတ်သတ်များ၏ အလှူငွေစုစုပေါင်း ၃,၁၁၀,၀၀၀ိ/(သုံးဆယ်တစ်သိန်းတစ်သောင်းကျပ်တိတိ)နှင့် သင်္ကန်းခြင်း(၂)ခြင်း၊ သင်္ကန်း(၁)စုံတို့အား လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး တရားပွဲ (ဒုတိယ) ည အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
#MNP #News








No comments:
Post a Comment