မိုင်းဆတ် ၊ ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဧပြီ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးဇော်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းခတ္တိယ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဝိန်းလိတ်ကျေးရွာသွားလမ်းပေါ်ရှိ အရှည်(၁၈၀)ပေ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု၊ မယ်ကော်(၁)ကျေးရွာ လမ်းနှင့် ဝိန်းနေ(အမက)လမ်းတို့အား ကတ္တရာခင်းရန်စီမံဆောင်ရွက်ထားရှိမှု၊ ဝိန်းဝိုင်ရပ်ကွက်၊ ကံ့ကော်လမ်းနှင့် မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ဟုန်းလမ်းတို့အား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်နိုင်ရေး မြေပြင်တိုင်း တာစစ်ဆေးပြီး ရေကြီးရေလျှံမှုကာကွယ်ရန် မယ်ဆွမ်ချောင်း သဲနုန်းပြန်လည်တူးဖော်ရေးနှင့် ဆိုက်ခေါင်တံတားအထက်ဘက်ရှိ နမ့်ခုတ်ချောင်း ပြန်လည်တူးဖော်နိုင်ရေးအတွက် မြေပြင်အခြေအနေတို့ကို တိုင်းတာစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။
ထို့နောက် မွန်းလွှဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် လုပ်ငန်းများ စနစ်တကျရှိစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment