ဧပြီ - ၇ ( အင်္ဂါနေ့ )
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က တောင်ကိုးရီးယားသမ္မတ လီဂျေမြောင်ကို ပွင့်ပွင့်လင်းလင်း သဘောထားကြီးသူလို့ ပြုံယမ်းမှ ရှားရှားပါးပါး ကျေအေးပေးတဲ့ မှတ်ချက်ကို တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယား လေပိုင်နက်ထဲကို တောင်ကိုရီးယားဘက်က ဒရုန်း နဲ့ ကျူးကျော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ လူသုံးဦးအား ပြီးခဲ့သည့်အပတ်က စွဲချက်တင်ပြီးနောက် တနင်္လာနေ့အစောပိုင်းတွင် ကက်ဘိနက်အစည်းအဝေးတစ်ခုအတွင်း လီက ယင်းကိစ္စကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"ဒါဟာ ကျနော်တို့ အစိုးရရဲ့ လုပ်ရပ်မဟုတ်ပေမယ့် ဒီလို မဆင်မခြင် ပြုမူမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလိုလားအပ်တဲ့ စစ်ရေးတင်းမာမှုတွေအတွက် မြောက်ကိုရီးယားဘက်ကို စိတ်မကောင်းဖြစ်ရပါတယ်” လို့ လီက အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCN သတင်းဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကင်ယိုဂျောင်က လီဂျေမြောင် ကို အလွန်ကံကောင်းပြီး ဉာဏ်ပညာရှိသော အပြုအမူဖြစ်တဲ့အတွက် ပြုံယမ်းကိုယ်စား ချီးကျူးကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
“ကျမတို့ရဲ့ နိုင်ငံတော် အကြီးအကဲက ဒါဟာ ပွင့်ပွင့်လင်းလင်း သဘောထားကြီးတဲ့ အမျိုးသားရဲ့ သဘောထားကို ပြသခြင်းလို့ မှတ်ချက်ပေးခဲ့ပါတယ်”လို့ သူမက ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့က တောင်ကိုရီးယားဒရုန်းတွေက မြောက်ကိုရီးယားလေပိုင်နက်ထဲကို ဝင်ရောက်ပြီး အဓိက အဆောက်အအုံများကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒိဒရုန်းတွေကို မြောက်ကိုရီးယားက ပစ်ချခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း မြောက်ကိုရီးယားဘက်က စွပ်စွဲခဲ့ပါတယ်။
တောင်ကိုရီးယား အစိုးရရှေ့နေများက အရပ်သား သုံးဦးကို ကျူးကျော်မှုများနှင့် ဆက်စပ်ပြီး စွဲချက်တင်ခဲ့ပါတယ်။ အမျိုးသားထောက်လှမ်းရေးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် တာဝန်ထမ်းဆောင်နေသော စစ်ဘက်အရာရှိနှစ်ဦးကိုလည်း ဒရုန်းပျံသန်းမှုတွင် ပါဝင်တယ်လို့ စွပ်စွဲခံထားရပြီး ဒီမနက်မှာပဲ အရပ်ဖက်တရားရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment