ပေါင်မြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ နှင့် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ နှင့် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ







ပေါင်၊ ဧပြီ  ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ  ဆရာတော်ကြီးများနှင့် ၂၀၂၅ခုနှစ်၊  စာအောင်သံဃာတော်များအား  ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယမန်နေ့က 

ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့ရာ  မြို့နယ်သံဃနာယက ဥက္ကဌဆရာတော် မဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တစ‌န္ဒောဘာသနှင့် ပင့်ဖိတ်ဆရာတော်ကြီးများ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ စာအောင်သံဃာတော်များနှင့်စာအောင်သီလရှင်များ၊ဌာနဆိုင်ရာများ၊စေတနာရှင်ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကာ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော် မဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တစ‌န္ဒောဘာသ က ငါးပါးသီလ ခံယူဆောက်တည် ကြပြီး  ဩဝါဒကထာ ချီးမြှင့်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က ဘွဲ့တံတဆိပ်တော်များ နှင့် နဝကမ္မဝတ္ထုငွေ များဆပ်ကပ်လှူဒါန်းပေးခဲ့ပြီး ၂၀၂၅ခုနှစ်စာအောင်သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၇၆) ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဆုများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။


မွန်မလေး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)